March 1, 2008

ဂုဏ်ယူပါတယ် “ဇော်ဂျီ”



“ဖေဇော်ဂျီ...ဇော်ဂျီ...ဇော်ဂျီ...ဆေးကြိမ်လုံးနဲ့ တစ်ကယ်ပဲ ထိုးတော့သည်...ဟတ် ဟတ် ဟတ်...” ဇော်ဂျီ ယူနီကုတ်အဖွဲ့ အတွက် ၀မ်းသာလွန်းလို့ သီချင်း လုပ်ဆိုကြည့်တာပါ။ ဟုတ်ကဲ့ ကျနော်တို့ မြန်မာဘလော့ခ်ဂါ လောကကြီး တစ်ဟုန်ထိုး တိုးတက်လာအောင် စေတနာ၊ ၀ါသနာ ရှေ့ထားပြီး အားသွန်ခွန်စိုက် မရပ်မနား ဖန်တီးအားထုတ်ခဲ့ကြတဲ့ ဇော်ဂျီယူနီကုတ်အဖွဲ့ Excellent Award 2007 ရရှိခဲ့လို့ ထပ်တူထပ်မျှ ဂုဏ်ယူဝမ်းမြောက်မိပါတယ်၊ နောက်နောင်လဲ ထိုကဲ့သို့သော ဆုများ ထပ်မံရရှိပြီး မြန်မာနိုင်ငံရဲ့ အိုင်တီ လောက ဖွံ့ဖြိုးတိုးတက်အောင် ဆထက်တံပိုး အားကြိုးမာန်တက် ဆက်လက် ကူညီ သွားနိုင်ပါစေလို့ ဆုမွန် ကောင်း တောင်းပေးအပ်ပါသည်။

မည်သို့မည်ပုံ ဆုလက်ခံရရှိခဲ့တယ် ဆိုတာကို ညီလေး မင်းယွန်းသစ် ရဲ့ ကွန်ပျူတာ ပညာရှင်အသင်း မိတ်ဆုံ ညစာစားပွဲ ပို့စ်မှာ သွးရောက် လေ့လာနိုင်ပါတယ်...။ (အဟိ ကွန်ပျူတာ ပညာရှင်တွေ မီးပျက်လို့ ငုတ်တုပ် ထိုင် မှိုင်နေရတဲ့ပုံတွေကတော့ မှတ်သား လောက်ပါပေတယ်.....။)


No comments: