
ဒီလူနဲ့ ကျနော့် ကြားမှာ ပြောစရာတွေ အများကြီး၊ အငြင်းပွားစရာတွေ အများကြီးနဲ့ ခင်မင်မှုတွေစတင်ခဲ့တာပါ။ အရမ်းအငြင်းသန်တဲ့လူပါ၊ ပြီးတော့ သူမှန်တယ်လို့ ယူဆမိရင် ဘယ်အရာကိုမှ ကြောက်လန့်ရကောင်းမှန်းမသိ၊ အားနာရကောင်းမှန်းမသိနဲ့ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ရင်ဆိုင်ရဲတဲ့သူတစ်ဦးဖြစ်ပါတယ်။ မှတ်မိပါသေးတယ် ကျနော်တို့လူစု စုစည်းမှုနဲ့ ဘလော့ဂါ ဆီမီနာကို ရန်ကုန်မှာ ကျင်းပဖြစ်တော့ တက်ရောက်လာကြတဲ့ ဧည့်ပရိတ်သတ်များကို အင်တာဗျူးဖို့ အစီအစဉ်တစ်ခုပါတယ်ဗျ။ အဲဒီ့တာဝန်ကို ဟိုလူယူ ဒီလူယူနဲ့ ငြင်းခုန်နေကြတုန်း ဒီလူက ထိုတာဝန်ကိုယူပြီး တစ်ကယ့် ဆီမီနာနေ့လည်းကြရော သတင်းထောက် လုပ်ခဲ့လို့လားတော့ မသိပါဘူး မေးလိုက်တာများဗျာ။ ကျနော်တို့ အချင်းချင်း ဟိုလူ့ လက်တို့ ဒီလူ့လက်တို့နဲ့ သူ့ကိုယ် မျက်ရိပ်မျက်ခြေပြပြီး အင်တာဗျူးကို မနည်းကောင်း ရပ်ခိုင်းရတယ်ဗျ။ ဒါတောင် အဲဒီ့ ဆီမီနာမှာ အင်တာဗျူး အစီအစဉ်က အချိန်အကြာဆုံးဖြစ်သွားသေးတယ်။ မရပ်များ မရပ်ခိုင်းမိရင်တော့ ညမိုးချုပ် လို့တောင် သူဗျူးနေတာ ပြီးမှာ မဟုတ်ဘူး ထင်တယ်။ အံမယ် သူက ဘာပြောသေးတယ် မှတ်တုန်း၊ ``ခင်ဗျားတို့ ရပ်ခိုင်းလို့သာ ရပ်လိုက်တာ၊ အနောက်ဖက်မှာ ထိုင်နေတဲ့ ကောင်မလေးတွေ ရှိသေးတယ်´´ ဆိုဘဲဗျ။ အဲဒီလို့ လူမျိုးပါ ဒီနေ့ကတော့ သူရဲ့ (၂၃)နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ သူ့ရဲ့ နာမည်ကတော့ စိုးဇေယျထွန်း ဖြစ်ပြီး ``Debate with me´´ ဘလော့ဂ်ကိုရေးသားတဲ့ နိုင်ငံကျော် သတင်းထောက် ဖြစ်ဖို့ရာကနေ အလုပ်ထွက်ပြီး ၀ါသနာပါတဲ့ စာရေးခြင်းနှင့် ဘလော့ဂ်ကိုဘဲ အာရုံစိုက် ရေးသားနေသူပါ။ သူငယ်ချင်း စိုးဇေယျရေ...ဒီနေ့ ဒီရက်မှသည် နောင်နှစ်ပေါင်း တစ်ရာ့နှစ်ဆယ်တိုင် မိမိချစ်သောသူများ၊ ဘလော့ခ်များ၊ စာများကို အစဉ်အဆက် သက်ဆုံးတိုင် ပေါင်းသင်းရေးသားသွားနိုင်ပါစေ လို့ ဆုမွန်ကောင်း တောင်းပေးအပ်ပါသည်။

1 comment:
ကိုကျော်ဇေယျ ပေးတဲ့ ဆုနဲ့ပြည့်ရပါစေဗျာ ........
Post a Comment