မိုးကောင်းတုန်း ရွာထား
ပါးရိုက်ရင် နားကိုက်တယ်တဲ့
အလှည့်ကျမှ
သွက်သွက်ခါအောင် မငိုကြေးပေါ့
မေ့တော့မမေ့နဲ့
ခွေးရူးကောင်းစား တမွန်းတည့်ပဲ
ခွပ်ဒေါင်းဆိုတာ ခွေးဟောင်တိုင်း မပြေးဘူး
လာကြ.. ညီအစ်ကိုတွေ အားလုံး
တစည်းတလုံးတည်း
ခွပ်ခေါင်းတေးကို အာခေါင်ကွဲတဲ့အထိ သီကြွေးမယ်
“ကမ္ဘာမကြေဘူး”
ခွေးပြေးဝက်ပြေးဆိုတဲ့ ကာလက
ရှေ့မှာ မဝေးတော့ဘူး.. ။
ညီမင်းနိုင်
ဒီကဗျာကို “ကိုညီညီ(သံလွင်)”ရဲ့ ဘလော့ခ်မှ တဆင့်ကူးယူဖော်ပြပါတယ်။

No comments:
Post a Comment