“ဟေ့ကောင်ရေ...ဒွေးသေပြီတဲ့ဟ....”
“ဟာကွာ...မဖြစ်နိုင်တာ..ငယ်ငယ်လေး ရှိသေးတဲ့ဟာကို”..
“ဟေ့ကောင်...ငယ်တာနဲ့မသေရတော့ဘူးလား”
“အံမယ်...မင်းက ငါ့ဆရာပြန်လာလုပ်နေသေးတယ်၊ မင်းဘယ်ကသတင်းရတာတုန်း..ပြောစမ်းပါအုန်း”
“အင်တာနက်ကကွ...ဒီခေတ်ကြီးထဲမှာ အင်တာနက်သုံးပြီး ဘာမှ မသိတာများအံ့ပါရဲ့ကွာ..”
“အင်း..မင်းပြောမယ်ဆိုလည်းပြောစရာဘဲဟေ့..ငါ့မှာ ကွန်ပျူတာရှေ့နေ့တိုင်းထိုင်နေပြီး...မနက်ဖြစ်တာ များနေပြီကွ”
မနေ့က အလုပ်မဆင်းခင် သူငယ်ချင်းက ကျနော့်ကိုလာပြောလို့ ကျနော်သိရတာပါ၊ ကျနော့်ဘာသာ ကျနော် ဆိုရင် နောင်တစ်လလောက်နေမှ ဒီသတင်းကိုသိမလားဘဲဗျ၊ ဘာဘဲဖြစ်ဖြစ် ကျန်ရစ်သူများနှင့်တကွ ထပ်တူ ထပ်မျှဝမ်းနည်းမိပါတယ်၊ အောင်မြင်ဆဲအချိန်မှာမှ အကြွေစောရတယ်လို့ ယူကြုံးမရဖြစ်မိပါတယ်။ သူရဲ့ ပွင့်လင်းရိုးသားတဲ့ သရုပ်ဆောင်ဟန်၊ သဘာဝကျကျသရုပ်ဆောင်ဟန်တွေကိုပြန်လည်မြင်ယောင်မိပါတယ်၊ တစ်ခေတ်မှာတစ်ယောက် ထွန်းပေါက်ခဲ့တဲ့ စွယ်စုံရမင်းသား ကိုသားကြီးတစ်ယောက်ကောင်းရာ သုဂတိ လားပါစေ....လို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
မှတ်ချက်။ ။ ဓါတ်ပုံများကို ကိုရန်အောင်နှင့် ကိုစိုးဇေယျဘလော့များမှ ရယူပါတယ်။
မှတ်ချက်။ ။ ဓါတ်ပုံများကို ကိုရန်အောင်နှင့် ကိုစိုးဇေယျဘလော့များမှ ရယူပါတယ်။
No comments:
Post a Comment