May 21, 2007

တက်ချင်တိုင်း တက်လို့မရဘူး....

မောင်ဖုန်း တစ်ယောက်လဲ ပို့စ်တွေလဲ မတင်၊ Cbox မှာ လာအော်ကြတာကိုလဲ အကြောင်းမပြန်နဲ့ ဘလော့ကို တော်တော်လေး ပစ်ထားမိတယ်ဗျ၊ ဘာဖြစ်လို့လဲ မေးရင် တစ်ခုသော အကြောင်းပြချက်ဖြစ်တဲ့ အလုပ်များနေ တာပါလို့ဘဲ ဓါတ်ပြားဟောင်းကြီးဖွင့်ပြရမှာဘဲဗျို့၊ခုတော့ တင်ပါပြီ(ပို့စ်ကိုပြောပါတယ် ဦးရှင်ကြီး ဆွမ်းတင်တာ မဟုတ်ဘူးနော်)ဒီနေ့ ရုံးကို ရောက်တော့ ဘာလုပ်တယ် အောက်မေ့သလဲ? အလုပ်ကို အရင် စ မလုပ် သေးဘဲ သတင်းစာကို စကိုင်တော့တာဘဲ၊ ဟိုလှန် ဒီလှန်လုပ်ရင်း(သတင်းစာကို ပြောတာပါ)ဒီ သတင်းလေးတစ်ပုဒ် သွား တွေ့တယ်ဗျ(သတင်းမူရင်းကို Scanner ဆွဲပြီး ဖော်ပြ လိုက်တယ်နော်)....။ မောင်ဖုန်းတို့ ရွှေပြည်ကြီး နဲ့များ ဘယ်လောက်ကွာလိုက်သလဲလို့၊ ကုန်ဈေးနှုန်းတွေကို တက်ချင်တိုင်း တက်လို့မရဘူး၊ ကုန်သည် လုပ်ငန်းရှင်များအနေနဲ့လည်း ဈေးနှုန်းကို ကစားချင်တိုင်းကစားလို့မရဘူးဗျ၊ ဟိုတစ်လောလေးက ဆိုရင် စားအုန်းဆီဈေးတွေ တက်လိုက်တာဆိုတာ ဒုံးပျံက အဖေခေါ်ရမတက်ဘဲ ခင်ဗျ၊ ခုတော့ တက်ချင်တိုင်း တက်လို့မရတော့ပါဘူး၊ အစိုးရက ချက်ချင်းသတင်းထုတ်ပြန်ပြီး ဈေးနှုန်းကို ညှိနှိုင်းဆောင်ရွက်ပေးလို့ ဆီဆိုရင် ဈေးငြိမ်သွားပြီ၊ ဒါတောင် အခု ဂျုံဈေးက တစ်ကီလိုကို 15 ပြားနှုန်းကြီးများတောင်မှ တက်မှဖြစ်တော့မယ် ဆိုဘဲဗျ....

No comments: