April 30, 2007

ရောက်တတ်ရာရာလေးများ(၃၀)

ဘလော့ကိုဒီအတိုင်းပစ်ထားမိတာ ဒီတစ်ခေါက်တော်တော်လေးကို ကြာပါတယ်၊ မိတ်ဆွေ သူငယ်ချင်း၊ အပေါင်းအသင်း များအား အထူးဘဲ အားနာမိပါတယ်။ မနေ့ကတော့ အလုပ်နားရက်လဲ ဖြစ်ပြန် အိမ်က ပစ္စည်း လူကြုံပေးလိုက်လို့ KL ကိုရောက်ဖြစ်တော့ လက်ထဲမှာပါလာတဲ့ အုန်းသီးလေးနဲ့ ဟိုလျှောက်ရိုက်ဒီလျှောက်ရိုက် နဲ့ (ဒါတောင် တော်တော်လေး သတိထားရတာ တစ်ခါတစ်ခါ ကိုယ်ရိုက်ချင်တဲ့ ဆိုင်လေးတွေ၊ ကားမှတ်တိုင် လေးတွေ၊ ကင်မရာနဲ့ချိန်လိုက်ရင် အဲဒီနေရာမှာ ရှိနေကြတဲ့ လူတွေက မျက်နှာထိမျက်နှာထားနဲ့ ပြန်ပြန်ကြည့် တတ်ကြတော့ နည်းနည်းဘဲ ရိုက်နိုင်ခဲ့တယ်၊ ဒီမှာလဲ မြန်မာပြည်လိုဘဲ ကင်မရာနဲ့ချိန်လိုက်ရင်ဘဲ သတင်းထောက်လား၊ ဂျာနယ်လစ်လားလို့ ထင်နေတုန်းဘဲဗျ)
ငုတ်တုတ်လေးတွေထိုင်နေကြတယ်လူတွေလေ သိတယ်မဟုတ်လား ကြည့်လိုက်တာနဲ့သိပါတယ်
ကားပေါ်ကနေလှမ်းရိုက်ထားတာ ဘာအဆောက်အဦး လဲတော့သိဘူး ဖုန်းကင်မရာဆိုတော့ လက်မငြိမ်ဘူးဗျ

ဘတ်စ်ကားစောင့်နေကြတဲ့လူတွေလဲ အများကြီးဘဲနော် (ရန်ကုန်နဲ့နည်းနည်းတူသလိုလို)
ကားပေါ်ကျတော့ နေရာတွေမှ အများကြီး(ဒါကျတော့ မတူတော့ပြန်ဘူး)
ဒါက ကျနော် ဘောလုံးပွဲသွားကြည့်နေကျ နေရာလေး

လာမည့် တနင်္ဂနွေလဲ မြို့ထဲသွားဦးမလို့ အဲဒီအခါကျမှ ထပ်ရိုက်ဦးမယ် ပြီးရင်ထပ်တင်ဦးမယ်နော်

6 comments:

Anonymous said...

မလေး(ကိုယ့်ကိုကိုယ်ပြောတာမဟုတ်ဘူး..မလေးရှားကိုပြောတာ) ကိုတောင် သတိရသွားတယ်။ နောင် ကြုံရင် ကြုံသလို ဓာတ်ပုံတွေထပ်တင်ပေးပါ။
မလေးရှားမှာတော့ မလက်ကာ မြို့လေးကိုအကြိုက်ဆုံးပဲ။

Yan said...

ထိုင်စောင့်နေကြတာ အလုပ်လာခေါ်ဖို့ စောင့်နေတဲ့ မြန်မာတွေလားဗျ
ဘယ်လိုပဲဖြစ်ဖြစ်ပါ. ကြည့်ပြီး စိတ်မကောင်းဖြစ်သွားရတယ်ဗျာ. ခုလို သဘာဝကျကျပုံလေးတွေ ထပ်တင်ပေးပါဦး ကိုကျော်ကြီးရေ...
မလေးရှားကို ကိုယ်တိုင်ရောက်ဖူးသွားသလို ခံစားလိုက်ရပါတယ်...

A random thoughts of a Burmese man said...

မလေးလဲ မလေးကို (မလေးရှားကို ဆိုလိုခြင်းဖြစ်ပါတယ်) ရောက်ဘူးတယ်ပေါ့နော်......

A random thoughts of a Burmese man said...

အလုပ်လုပ်ဖို့ စောင့်နေကြတာလား ဒါမှမဟုတ် အလုပ်နား လို့ ဟိုလျှောက်လည် ဒီလျှောက်လည် နေကြတဲ့ ကိုရွှေမြန်မာများပါ စိတ်မကောင်းမဖြစ်ပါနဲ့ အဆင်ပြေတဲ့လူ ရှိသလို အဆင်မပြေတဲ့ လူလဲရှိပါတယ် ကိုရန်ရယ် မြန်မာများ အတွက်တော့ ဒါတွေဟာ ထူးမခြားနားပါဘဲဗျာ

Anonymous said...

This is very good point that I gonna tell my friends and relatives that they wanna be in Malaysia.

If you gonna decorate these facts in very regular fashion, we all would get many benefits from you.

How about sending this links to Myanmar Journals ?

A random thoughts of a Burmese man said...

ကျနော့်အနေနဲ့ကတော့ အဆင်ပြေရင်တော့ ပို့ချင်ပါတယ် ဒါပေမယ့် ကျနော်မှာ အဆက်အသွယ်မရှိပါဘူး မြန်မာလိုက်ဖ်ရေ... ဒီမှာ ကြုံတွေ့နေရတဲ့ မြန်မာ အလုပ်သမားများရဲ့ အခက်အခဲတွေကို အမှန်အတိုင်း တင်ပြခြင်းသာ ဖြစ်ပါတယ်......