April 12, 2007

ယူနီကုတ်အသုံးပြုပြီး မြန်မာစာရိုက်ကြမယ်....

အားလုံးမင်္ဂလာပါ
ကျနော်ကြော်ငြာချင်တဲ့ဆေးကတော့ အဲလေ ယောင်လို့Unicodeဖောင့်တစ်မျိုးဖြစ်သော Zawgyi ဖောင့်ဖြင့် မြန်မာလိုရိုက်နည်းပါခင်ဗျာ တစ်ချို့တော်တော်များများ သိပြီးလဲ ဖြစ်ပါတယ် မသိသေးတဲ့ လူတွေလဲရှိချင်ရှိပါလိမ့်မယ်၊ သိပြီးသားရော မသိသေးသူတွေပါ ရှာရလွယ်ကူ အဆင်ပြေအေင် ကျနော် ပို့စ်ရေး သားတင်ပြခြင်းဖြစ်ပါတယ်။ ပထမဦးဆုံးပြောချင်တာကတော့ ဒီဖောင့်အမျိုးအစားဟာ Installation ပြုလုပ်ပြီး သုံးရမှာဖြစ် တဲ့အတွက် Installation ကို Restrict လုပ်ထားသော Cyber Cafe လိုနေရာမျိုးများတွင် အသုံးပြုနိုင်မည်မဟုတ်ပါ။ ကဲ စလိုက်ကြရအောင်ပါ အရင်ဦးဆုံး Zawgyi Font ကို Download လုပ်ရပါမယ်၊ Zawgyi Font သည် Planet Myanmar Netwrok ထုတ်လုပ်တဲ့ ဖောင့်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ သူ့ကို အရင်ဆုံး Download လုပ်ရပါမယ်၊ Download Link ကတော့ http://www.planet.com.mm/fonts/ ကို Download လုပ်ပါ။ တစ်ခါတစ်လေမှာ ၄င်း Link က အခက်အခဲ ဖြစ်နိုင် တဲ့အတွက် ကျနော် ဒီ Fontကို Downloadအသင့်ဖြစ်အောင်လုပ်ထားပါတယ် ၄င်း Link ကတော့
http://kzy1980.googlepages.com/Zawgyi-One-20051130.ttf ဖြစ်ပါတယ်။ ၄င်း Link များထဲမှ တစ်ခု ခုကို ကလစ်လုပ်ပြီး မိမိကွန်ပျူတာရဲ့တစ်နေရာရာမှာ Saveလုပ်ရပါမယ်။ ထို့နောက် ၄င်း File အား Copy (Ctrl +C) လုပ်ပြီး C:\windows\font နေရာကိုသွားပြီ Paste (Ctrl+V) လုပ်လိုက်ရင် မိမိ computer တွင် Zawgyiသွင်းပြီး ဖြစ်သွားပါပြီ။ Blog များတွင် အတုံးအတုံးလေးဖြစ်နေသည်များအား စာလုံးအနေနှင့်မြင်ရရုံ ဆိုလျှင် ဒီအဆင့်နှင့် လုံလောက်ပါပြီ။ စာပါရိုက်မယ်ဆိုရင်တော့ ဒီ အဆင့်ကို ထပ်မံလုပ်ဆောင်ရပါမယ်ခင်ဗျာ။ အရင်ဦးဆုံး အနေနှင့်
http://www.planet.com.mm/fonts/zawgyiKB_installer_I.zip ကို Download၄င်း Link နဲ့အဆင်မပြေဘူးဆိုလျှင် http://www.mediafire.com/?0vtmgrtdmz1 Download လုပ်နိုင်ပါတယ်။ ၄င်း File သည် Zip File အမျိုးအစား ဖြစ်သဖြင့် Extract အရင်လုပ်ပါ Extract လုပ်ပြီး ၄င်း Floderကို ဖွင့်လိုက်လျှင် ZawgyiKB.msi ဆိုတဲ့ File ကိုတွေ့လျှင် Double Click နှိပ်ပြီး Installation Prompt အတိုင်း ဆက်လုပ်သွားရုံပါဘဲခင်ဗျာ။ ထို့နောက် Control Panel ကိုဖွင့် Regional and Language Options ကိုထပ်မံဖွင့်လိုက်ပါ
Print Screen ပုံများနှင့်ရှင်းလင်းထားသည့်အတွက် PDF File အား Download လုပ်၍ဖတ်ပါရန်.....

No comments: