ကျနော် ဒီနေ့ဗျာ ကိုရဲလင်း နဲ့ ကိုCSM တို့ Blog တွေကိုဝင်ဖတ်ရင်းနဲ့ အရမ်းကောင်းတဲ့ အဆိုအမိန့်များကို တွေ့လိုက်ရတာနဲ့ ကျနော့် Blog မှာလည်း ဖော်ပြချင်စိတ်ဖြစ်လာပါတယ်။ ကိုယ်လဲ အမြဲပြန်ဖတ်ပြီးဆင်ခြင် သုံးသပ်နိုင်အောင်လို့ပါကူးယူဖော်ပြခွင့်ပေးတဲ့ ကိုရဲလင်းနှင့် ကိုCSMတို့ကို ကျေးဇူးအများကြီးတင်ပါတယ်...
နောင်တ (၁၀) မျိုး
၁။ အချိန်ရှိခိုက် ငယ်စဉ်က ပညာမသင်ခဲ့မိလေခြင်း။
၂။ ဥစ္စာပစ္စည်း မစုဆောင်းမိခဲ့လေခြင်း။
၃။ သူတစ်ပါး၏ အချစ်ကို ဖျက်ဆီးမိခဲ့လေခြင်း။
၎။ သူတစ်ပါး၏ အသက်ကို ပြစ်မှားမိခဲ့လေခြင်း။
၅။ သူတစ်ပါး၏ မယားကို ပြစ်မှားမိခံလေခြင်း။
၆။ ဥစ္စာ ပစ္စည်းရှိလျှက်နှင့် မလှူမိခဲ့လေခြင်း။
၇။ ဆုံးမစကားကို နားမထောင်မိ ခဲ့လေခြင်း။
၈။ အမိအဖကို မလုပ်ကျွေးခဲ့မိလေခြင်း။
၉။ ပညာရှိထံ နည်းခံ၍ မသင်ကြားမိခဲ့လေခြင်း။
၁၀။ မြတ်သော အကျင့်ကို မကျင့်ခဲ့မိလေခြင်း။
No comments:
Post a Comment