နောက်များ Blog အပေါင်းအသင်းများနှင့်တွေ့ခွင့်မှရပါ့မလားမသိ...
ကိုယ့်ရဲ့ကိုယ်ပိုင် Blog လေး တစ်ခုရတာ မှ မကြာလှသေး၊ ရေးလို့ကောင်းတုန်းရှိသေးသည် ...အပြောင်းအရွှေ့သတင်းများကြားလာရသည်။ ပြောင်းရ ရွှေ့ရမည့်အထဲတွင် မိမိကိုယ်တိုင်က ထိပ်ဆုံးမှ...ခက်တော့ခက်ပြီ၊ Blogကိုလဲ သံယောဇဉ်မဖြတ်နိုင်၊ နောက် ရောက်မည့်နေရာက Internet
မှသုံးလို့ရပါ့မလားမသိ၊ အသုံးပြုခွင့်မရလျှင်တော့ ခုကတည်းက Blog အပေါင်း အသင်းမိတ်ဆွေ၊ အစ်ကိုတော်၊ အစ်မတော်များအား ကြိုတင်အသိပေး နှုတ်ဆက်ထားပါသည်.....
မလေးရှားကို အလုပ်လုပ်ဖို့ စတင်ရောက်ရှိသည့် အချိန်ကစပြီး ပြောင်းလိုက်ရသည့် နေရာများ
ခုထက်ထိကို ပြောင်းလို့မပြီး ဆုံးနိုင်သေး။ ကိုယ့်ရဲ့ခြေထောက်မှ ဗွေက တော်တော်ဆိုးတဲ့ ဗွေအမျိုးအစားဖြစ်မည်ထင်သည်။ ပြောင်းလိုက်ရ သည့်နေရာလေးငါး နေရာလောက်ရှိမည်ထင်သည်...ဒီနေရာရောက်တော့ တစ်နှစ်ကျော်ကြာနေပြီ အခြေ တကျဖြစ်မည် မကြံသေး နောက်ထပ် ထပ်ပြောင်းရဦးမည်။ ကိုယ့်ရဲ့သူဌေးကိုဘဲ မေတ္တာများများ ပို့မိသည်။
ဒီထပ်ပိုချမ်းသာပါစေ၊ ဒီထပ်ပို၍ ဆိုင်ခွဲများ များများစားစားဖွင့်နိုင်ပါစေပေါ့ခင်ဗျာ၊
ဒါမှလဲ ကျနော်လဲ နေရာ တော်တော်များများရောက်ဖူးသွားမည်။ ဟုတ်တယ်လေ ဒီလို အကောင်းဘက်က လှည့်တွေးရုံဘဲ ရှိတော့သည်။ အော်ဒါနဲ့စကားမစပ်ဗျာ ကျနော် ကြုံတွေ့ကြားသိနေရသည့် မလေးရှားသို့ရောက်လာသည့်သူများ အကြောင်း ကိုနည်းနည်းဖောက်သည်ချဦးမည်။
ဒီကောင်လေးများသည် မလေးရှားသို့တစ်ခေါက်မှရောက်ဘူးကြသူများ မဟုတ်
ခုမှ ၄င်းတို့ရဲ့ဆွေမျိုးအသိုင်းအ၀ိုင်းများမှ အလုပ်အကိုင်များလုပ်ကိုင်စေရန်လွှတ်လိုက်ကြဟန်တူသည်။ ဒီမှာလည်းအပေါင်းအသင်းမိတ်ဆွေဆိုတာသိပ်မရှိ၊ မြန်မာပြည်ကထွက်အလာ လေယာဉ်တစ်စီးထဲ အတူ စီးရင်း ခင်မင်ရင်းနှီးခဲ့ကြသည့် ကိုရွှေမြန်မာ အပေါင်းအသင်းမိတ်ဆွေ အနည်းငယ်သာရှိသည်။
၎င်းတို့သည်လဲ လေယာဉ်ဆိုက်ကတည်းက သက်ဆိုင်ရာ Agentများက ဆိုင်ရာ၊ ဆိုင်ရာလူများအား ခေါ်ထုတ်သွားကြပြီ၊ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိ၊ လိပ်စာသိလျှင်တောင်မှ ကိုယ်က တစ်ခါမှမရောက်ဘူးသည့် နေရာစိမ်း မည်သို့လိုက်ရမည်မသိနိုင်၊ ဒါနဲ့ဘဲ မိမိကို လာခေါ်သည့် Agent ခေါ်ရာနောက်သို့သာ လိုက်ရတော့သည်။ Agent က သူတို့သုံးယောက်အား လေဆိပ်မှခေါ်လာပြီးသူ့ရုံးခန်းတွင် နေရာထိုင်ခင်းပေးပြီးနေခိုင်းထားသည်။ နေရာထိုင်ခင်းပေးသည်ကလည်း ဧည့်ခန်းထဲတွင် စုပြုံပြီးအိပ်ခိုင်းခြင်းသာဖြစ်သည်။ စားတော့လဲ မိမိအစီအစဉ် ဖြင့်သာစားခိုင်းခြင်းဖြစ်သည်၊...စရောက်တော့မေးသည်တဲ့ “မင်းတို့မှာပိုက်ပိုက်ပါတယ်မဟုတ်လား”တဲ့၊ ဒီကောင် တွေကလဲ အစိမ်းသက်သက်ဆိုတော့ ပါတယ်လို့ဘဲပြောလိုက်တော့ “ဟိုဘက်နားမှာ ဆိုင်ရှိတယ်တဲ့”
အဲဒီမှာ စားဆိုတော့ မိမိအစီအစဉ်နဲ့မိမိဘဲဆိုပါတော့...
တော်သေးသည် ရန်ကုန်မှာကတည်းက အစိမ်းလေးနည်းနည်း လဲလာမိလို့သာပေါ့......
အဲဒါနှင့် Agent ရုံးခန်းတွင် ၃၊ ၄ ရက်လောက်ကြာသွားသည်။ ရောက်ကတည်းက သူဌေး လာမခေါ်သေးလို့ဆိုသည့် စကားမှာ ၃၊ ၄ရက်ကြာသည့်အထိပြောကောင်းတုန်း...
နောက်တော့ သူဌေး လာခေါ်သည်၊ လာခေါ်သည့်အချိန်ကလည်း ညဘက်(၁၁)နာရီလောက်ရှိနေပြီ...သူဌေးလာခေါ်သည်ဆိုတော့ လဲ လိုက်ရသည်ပေါ့.....
ဟုတ်တယ်လေ ကိုယ့်ကို ဒီမလေးရှားရောက်အောင် သူက Demand ပေးတဲ့သူကိုးဗျ....သူဌေးကားနှင့်လိုက်သွားလိုက်သည်မှာ ၄နာရီလောက်ကားမောင်းရသည်၊ ရောက်တော့ နံနက်(၃)နာရီထိုးပြီ၊ မှောင်နှင့်မည်းမည်းဘာမှမမြင်ရ၊ ကဲရောက်မှတော့ မထူးတော့ဘူးအိပ်လိုက်ကြတာပေါ့...
နံနက်လည်း လင်းရော ရောက်နေသည့်နေရာကတောထဲမှာ၊ နေရသည်ကလည်းစမ်းချောင်းလေးဘေးတွင် ဂိုဒေါင်အပျက် တစ်လုံး ရှိသည် အဲဒါကို ပြုပြင်ပြီးနေကြတဲ့...
ရေချိုး၊ ပန်းကန်ဆေး၊ အိုးတိုက်၊ အိမ်သာတက် အကုန်လုံး ဒီစမ်းချောင်းထဲတွင် လုပ်ရမည်တဲ့...
အဲဒီတော့ ရောက်လာကြသည့် ရွှေကိုယ်တော်များ မျက်ရည်လေး တစမ်းစမ်း ဖြစ်ကုန်ကြသည်။ ဟုတ်တယ်လေ အလုပ်လာလုပ်တာတော့မှန်သည်မိမိတို့ရဲ့မိဘဆွေမျိုးများနှင့်လည်း...
အဆက်အသွယ်မပျက်ချင်ကြ၊ ရောက်နေသည့် နေရာကလည်းတကယ့်တောခေါင်ခေါင်...
စာတိုက်တောင်မှ (၂)မိုင်လောက်ဝေးသည် ဘေးပတ်ပတ်လည်ကြည့်လိုက်တော့လဲ တောင်တန်းများသာ၊ Kualalumpurမှာရှိ စဉ်က သုံးဦးစပ်ဝယ်ထားသည့် တယ်လီဖုန်းကလည်း....ဒီတောထဲရောက်တော့လိုင်းပျောက်သွားသည် ဘယ်ကိုမှ ဆက်လို့မရတော့...ဒီတော့ဖြစ်ချင်ရာဖြစ်တော့မလုပ်ဘူးဆိုပြီးသူဌေးကိုပြန်လိုက်ပို့ခိုင်းကြသည်...
သူဌေးကလဲ ပထမတော့ အင်တင်တင်လုပ်ပြီး “မင်းတို့ကို အလုပ်လုပ်ဖို့ခေါ်ထားတာ”
ဘာဖြစ်တယ်၊ ညာဖြစ်တယ်တော့ လုပ်လိုက်သေးသည်။ နောက်တော့ KLကိုပြန်လိုက်ပို့ပြီးပွဲစားလက်သို့ပြန်အပ်သည်၊ ပွဲစားကလည်း မြန်မာပွဲစား ကိုထပ်ခေါ်ဘာဖြစ်လို့ညာဖြစ်လို့လဲမေး၊ ဒီကောင်တွေကလဲ အလုပ်ခေါ်တုန်းကတစ်မျိုး...
အခုပို့သည့်နေရာက တစ်မျိုး “ဘာဖြစ်လို့လဲ ဘာလဲ၊ ညာလဲနဲ့မြန်မာပွဲစားကိုပြန်ဟောက်စား”လုပ်ကြသည်၊ မြန်မာပွဲစားကလည်း “မင်း တို့ကို ရန်ကုန်ကပွဲစားကလိမ်လိုက်တာ၊ ငါခေါ်တုန်းက ဒီအလုပ်ဘဲလုပ်ရမယ်လို့ပြောထားတာ”
ဒီလိုနဲ့အငြင်း အခုံလုပ်ရင်း နောက်ဆုံး မလေးလူမျိုးပွဲစားက မင်းတို့ရဲ့Passport စာအုပ်ကို ပြန်လိုချင်ရင် မလေးငွေ 2200 (Work Permit ကပ်အပြီး)ထပ်ပေးလျှင်ပေးမည်ဆိုသည်.....
ဒီတော့ မလေးရှားကိုလာဖို့အတွက်လဲကုန်ထား(လာရောက်အလုပ်လုပ်ဖို့အတွက်က အနည်းဆုံး(၈)သိန်းကျော်ကုန်ထားကြသည်) ဒီရောက်မှ အလုပ်အဆင် မပြေလို့ပြန်မယ်ဆိုရင်လဲ လာခဲ့သည့်စရိတ်က ထပ်ရှုံးဦးမည် အစစအရာရာ တွက်ချက်ပြီးတော့ထပ်ပေးမယ်ပေါ့ ဒါပေမယ့် အခုတော့မဟုတ်သေး
ငါတို့ကို အလုပ်ရှာပေး ဒီအလုပ်တော့ ငါတို့မလုပ်နိုင်၊ ငါတို့အလုပ်ရလျှင် လေးလအတွင်းပေးသွားမည် ဆိုပြီး Passportမိတ္တူတောင်းယူလာပြီး တခြား တစ်နေရာတွင် အလုပ်ကို လုပ်ကြရသည်။ အလုပ်ကိုကြိုးကြိုးစားစားလုပ်ပြီး (၄)လအတွင်း မိမိပိုင်စာအုပ်ကလေးများ သွားရောက် ရွေးယူကြသည်။ နောက်များမှ အလုပ်လည်းလုပ်ရင်း စကားလည်းတဖြည်းဖြည်း သိလာ၍ မေးစမ်း ကြည့်သည်မှာ ကိုယ်ရွှေမြန်မာပွဲစားနှင့်ဒီနိုင်ငံသားAgent၊ အလုပ်ရှင်သူဌေးတို့ (၃)ဦးပေါင်း၍
ငွေထပ်ညစ် သွားခြင်းသာဖြစ်သည်။ မလေးလူမျိုးAgentများသည် လုပ်ငန်းရှင်တစ်ဦးဦးနှင့်ပေါင်းထားပြီး ထိုသူရဲ့ လုပ်ငန်းလိုင်စင်နှင့်အလုပ်သမားခေါ်ယူခွင့်တောင်းတတ်သည် အလုပ်သမားရောက်ပြီးနောက်တွင် ထိုကဲ့သို့ တောထဲသို့ခေါ်သွား၊ ထပ်ဖြီးဖျမ်းလိမ်ညာပြီးငွေကိုရသလောက်ထပ်ညှစ်တတ်ကြသည်။
ပွဲစား အကုန်လုံး ကိုမဆိုလို၊ ကောင်းသည့်လူများလည်းရှိကြပါသည်။
မှန်မှန်ကန်ကန်လုပ်ပေးပြီး အလုပ်ကောင်း ကောင်းရသွားသည့်သူများလည်းရှိကြပါသည်။
ဟုတ်ပါသည် ဒါကြောင့် ဒီကိုလာရောက် အလုပ်လုပ် ကိုင်မည့်သူများ အနေဖြင့်
မြန်မာပြည်တွင်ရှိသော ပွဲစားများအား ချင့်ယုံတော်မူကြပါခင်ဗျား....
1 comment:
:sigh:
Post a Comment