January 17, 2007

ရောက်တတ်ရာရာလေးများ(၁၀)

ကဲ..အပေါင်းအသင်းများ ဆက်လက်ရေးသားလိုက်ပါပြီခင်ဗျား၊ အားပေးချင်လဲပေးပေါ့၊ မပေးချင်လဲမသိမသာ မြန်မြန်ဖတ်ပြီးပြန်ပေါ့နော်၊ တတ်သည့်ပညာမနေသာဆိုသလို မတတ်တတတ်လေးများ လက်ဆော့ပြီး Blog ပေါ်ရေးတင်ထားခြင်း ဖြစ်ပါ တယ်။ သူများတွေလောက်လဲအရေးအသားကမကောင်းတော့ လာရောက် လည်ပတ်တဲ့သူလဲ အင်မတန်မှ နည်းပါးပါတယ်။ မျက်စိလည် လမ်းမှားလာတဲ့လူတစ်ယောက်စ၊ နှစ်ယောက်စ သာဝင်တာတွေ့တယ်ဗျို့၊ ကိုယ့်ကိုကိုယ် အထင်ကြီးပြီး Counterတွေဘာတွေတောင်တင်ထားတာBlogကို အသစ်စလုပ်တုန်းကဆိုဝင်ကြည့်လိုက်ပြန်ထွက်လိုက်လုပ်နေတာCounterက ကိုယ့်စက် IPကိုပါထည့်မှတ် နေတော့ တက်လိုက်တဲ့Counterအဲဒါကို ကိုယ်ကလုံးလုံးမသိဘဲ ထင်တစ်လုံးနဲ့ “အံမယ် ငါတော်တော် ဟုတ်နေပါလား”လို့ ထင်တစ်လုံးနဲ့နေနေတာ ရှက်တောင်ရှက်မိပါရဲ့ဗျာ။ နောက်ပြီး အလှအပ၊ အနုအရွ လေးများ ကလဲ ခံစားတတ်ပါရဲ့ မရေးသားတတ်၊ မကူးချတတ်တော့ ကိုယ့်ရဲ့အတွေ့အကြုံလေးများသာ ပြန်လည်ဖောက်သည်ချမိပါရဲ့ဗျာ၊ ၀င်ဖတ်ပြီး ဘာမှန်းလဲမသိဘူးဆိုရင်တော့ ရေးသားသူ ကျနော်မျိုးရဲ့ ညံ့ဖျင်းမှုကို သည်းခံခွင့်လွှတ်ပေးတော်မူကြပါ အစ်ကိုတော်၊ အစ်မတော်များနဲ့ခင်မင်ရင်းနှီးသော မိတ်ဆွေ၊ သူငယ်ချင်းများ ခင်ဗျား...
ကဲ စပါပြီ မလေးလို ၁၀၀၀ ဆိုရင်တော့ Satu Ribu ပေါ့ဗျာ၊ သူတို့ပြောတဲ့အသံနဲ့ဆိုရင် Seribu လို့ပြောတယ် ဗျ၊ စာနဲ့ရေးမှသာ Satu Ribu လို့ရေးတာ၊ ကျနော် ထင်လိုက်တာက “အော် သူတို့မှာလဲ ရေးတော့အမှန်၊ ဖတ်တော့အသံ ဆိုတာရှိမှာဘဲပေါ့နော်၊ နောက်မှတဖြည်းဖြည်းချင်းသိလာရတာ ပြောရင် ဒီလိုဘဲ ပြောရတယ်၊ စာရေးမှာသာ ဒီလိုရေးရတယ်ဆိုပြီး ပြန်ပြောကြတာဗျာ... နှစ်ထောင် ဆိုရင် Dua Ribu ပေါ့၊ သုံးထောင်၊ လေး ထောင်စသည့် ဖြင့် Tiga Ribu, Empat Ribu လို့ပြောကြတယ်ဗျာ၊ နောက်တစ်ခုက သူတို့မှာသောင်း၊ သိန်း၊ ဆိုတဲ့စာသား သက်သက်မတွေ့ရဘူးဗျ၊ တစ်သောင်းလို့ ရေးမယ် ပြောမယ်ဆိုရင် Sepuluh Ribu လို့ ပြော တယ်ဗျာ။ နှစ်သောင်းဆိုရင်လည်း Duapuluh Ribu (ဒူးဝါးပုလိုးရီဘူး)လို့ဘဲပြောတယ်ရေးတယ်၊ တစ်သိန်း ဆိုရင်တော့ Saturatus Ribu (စတုရာတွက်စ် ရီဘူး)လို့ရေးတယ်ဗျ၊ စကားနဲ့ပြောမယ်ဆိုရင်တော့ Seratus Ribu (စရာတွက်စ်ရီဘူး)လို့ဘဲပြောလေ့ရှိတယ်၊ တစ်သန်းဆိုရင် တော့ Satu Juta (စတုဂျူတ)ပေါ့ဗျာ၊ အဲဒီမှာ ကျတော့ Sejuta (စဂျူတ)လို့မပြောတော့ဘူး၊ ရေးလဲဒါဘဲ ဖတ်လဲဒါဘဲ၊ ပြောလဲဒါဘဲသုံးတယ်ခင်ဗျ၊ နှစ်သန်း သုံးသန်း Dua Juta, Tiga Juta စသည်ဖြင့်ပေါ့ဗျာ၊ ပြောလေ့ရေးလေ့ရှိကြပါတယ်။ ကဲ ဒါလောက်ဆို ဂဏန်း တွေ တော်တော်များများသိလောက်ပြီလို့ယူဆပါတယ်။ နောက် postကျမှဘဲ စကားလုံးတွေကို ထပ်ရေး တော့မယ်ဗျာ....

No comments: