သူများတွေ ဘလော့ခ်လုပ်တာ အဆင်ကို ပြောလို့ဗျာ... Comment ချတဲ့လူကလဲ ချ ပြန်ပြောကြ နဲ့၊ ကိုယ့် မှာတော့ အချိန်းအားလေး နည်းနည်းရလို့ Blog လေးတစ်ခု လုပ်မိပါတယ် အစဘဲရှိပြီး အဆုံးမသတ်နိုင်ဘူး ဖြစ်နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ HTML ဆိုတာ ဘာကြီးမှန်းတောင်မသိပါဘူး Computer Keyboardကို ဘယ်ကောင်လက်ကမြင်းပြီး နှိပ်ထားတဲ့ စာလုံးတွေလဲလို့ အဲဒီလောက်တောင် တုံးတဲ့ကောင်က Blogလုပ်တယ် ဆိုတော့ စဉ်းစားသာကြည့်တော့ အပေါင်းအသင်းတို့ရေ ဘယ်လောက်များ ကသောင်းကနင်းနိုင်လိုက်တဲ့ blog ဖြစ်မ လဲဆိုတာ၊ ဒါနဲ့များ Cbox တင်ချင်ရတာနဲ့ ဘယ်သူတွေများ ကိုယ့် blog ကိုဝင်ဖတ်သလဲဆိုတာ သိချင်လို့ nero counter တင်ရတာနဲ့ အလုပ်ကိုရှုပ်နေတာပါဘဲဗျာ။ တင်လိုက်တိုင်း တက်လိုက်တဲ့ Error တွေ၊ တစ်ခုမှကို Blog စာမျက်နှာပေါ်မရောက်ဘူးဖြစ်နေတယ်။ ဖတ်လိုက်ရတဲ့ Forum တွေ၊ တောင်းလိုက်ရတဲ့ အကူ အညီတွေ၊ နလိန်ပိန်းတုံးကောင်မို့လို့လားတော့ မသိပါဘူး ဘယ်သူမှကို အဖတ်လုပ်ပြီး Reply ပြန်တာ မတွေ့ မိပါဘူး...
No comments:
Post a Comment