ဒီနေ့ ကျနော်တို့ နေရာ တွင် စစ်ဆေးရေး ၀င်ပါတယ်။ သူတို့စကားအခေါ်အဝေါ်အနေနဲ့ ဆိုရင်တော့ အော်ပရာ စီ(Operasi)တယ်လို့ခေါ်ပါတယ်။ မနေ့က မြန်မာတစ်သိုက်နဲ့ အင်ဒိုနီးရှားလူမျိုးတစ်သိုက်တို့ ရန်ဖြစ်တာ အင်ဒိုနီးရှား တစ်ယောက်သေဆုံးသွားတယ်လို့ သတင်းကြားရတယ်။ ဒီမှာက ဒီလိုဖြစ်နေကြဘဲလေ အင်ဒိုနီးရှား တွေက တော်တော်လေးကို စွာတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က မလေးလူမျိုးနဲ့ စကားတော်တော်များများ တူတယ်၊ မလေးလူမျိုးများကလဲ သူတို့ကို အမျိုးတော်တယ်လို့ သတ်မှတ်ထားတာ အဲဒီတော့ ပစားပေးထား တာပေါ့ အဲဒီတော့ နဂိုကတည်းကမှ ဒီကောင်တွေက စိတ်ကြမ်းလူကြမ်းနဲ့ ပစားလဲအပေးခံရတယ်ဆိုတော့ ထောင်ထောင် ထောင်ထောင်နဲ့နေတာပေါ့...
နေရာတကာလူတွင်ကျယ်လုပ်တော့ ကျနော်တို့ ကိုယ်ရွှေမြန်မာများနဲ့ လုံးဝကို သဟဇာတ မတည့်ဘူးခင်ဗျ၊ အင်း မနေ့ကတော့ ဘယ်အငြိုးနဲ့ဆော်လိုက်တယ် မသိပါဘူး ကိုအင်ဒိုတစ်ယောက်သေဆုံးသွားတယ် သတင်း ကြားတာဘဲ..အဲဒီတော့ ဒီနိုင်ငံရဲ့ထုံးစံအတိုင်း လူသေရင် စစ်ဆေးရေးတွေဝင်ပါပြီဗျာ။(လူမသေသရွေ့၊ သူတို့လူမျိုးမဟုတ်သရွေ့ဒီအတိုင်းကိုကြည့်နေတာဗျာ.)
အော်ပရာစီ(Operasi)တာကလဲ ပတ်စ်ပို့ရှိတဲ့လူ၊ မရှိတဲ့လူကလဲ ရှိသေးတာကိုး ကိုယ့်ရွှေမြန်မာဆိုတာကလဲ ပါမစ်မရှိတဲ့ လူက တစ်ရာမှာသုံးယောက်လောက်က မရှိကြဘူး အဲဒီတော့ အနည်းနဲ့အများ ကိုယ်တွေဘဲ နစ်နာ ကြ ရတာပါဘဲ။ အဲဒီတော့ ဒီနိုင်ငံမှာအလုပ်လုပ်ကြမယ်ဆိုရင် သည်းခံခြင်းတရားကို အမြဲလက်ကိုင်ထားနိုင်မှ တော်ကာကြမယ်ဗျို့.....
No comments:
Post a Comment