January 29, 2018

ဖြေးဖြေးလေး နဲ့ ငြိမ့်ငြိမ့်လေး



တိပ်ခွေ ခေတ်တုန်း က စွဲစွဲလန်းလန်း နားထောင် ခဲ့တဲ့ သီချင်း၊ ပလေးဘွိုင်းသန်းနိုင် နဲ့ အယ်လ်ခွန်းရီ တို့ ရဲ့ ဖြေးဖြေးလေး နဲ့ငြိမ့် ငြိမ့်လေးပါ။ 
ဦးသန်းနိုင်တို့ ဆိုထားတဲ့ အထဲမှာ ဘုရားသခင်တွေ ဘာတွေ ပါတော့ ကော်ပီများ ဖြစ်မလား မသိဘူး ဆိုတဲ့ သံသယ တော့ ဖြစ်မိတယ် ။
ဒါပေမယ့် အဲဒါလေး ကိုပဲကြိုက်နေမိတာ။ အဲဒီခေတ် တုန်း က ဘာသီချင်း ဘယ်သူ ဆိုတာ လဲ ရှာရခက်တော့ အော်ရီဂျင်နယ် သီချင်း က ဘယ်ဟာမှန်း မသိခဲ့ဘူး။ 
နောက်တော့ ဂစ်တာတီး သင်ပေးတဲ့ ဆရာ တစ်ယောက်က အင်္ဂလိပ် လို ဆိုပြတော့မှ သြော် ဒါက ဒီသီချင်းပါလား ဆိုတာ သိရတယ်။ ဒါပေမယ့် ဖြေးဖြေးလေး နဲ့ ငြိမ့်ငြိမ့်လေး က နားထဲ စွဲနေတုန်း။ 


နောက်ပိုင်းမှာ Swing Low Sweet Chariot ကို Eric Clapton ဆိုတာ ကိုပဲ နားထဲ စွဲပြီး ဘယ်သူ ဆိုတာမှ မကြိုက်တော့ဘူး။
နောက်ပိုင်း အဆိုတော် ဖြစ်တဲ့ Ella Eyre ပြန်ဆို ထားတာလည်း ရှိတယ်။ ဒါပေမယ့် Eric ကြီး ဆိုထား တာကိုပဲ သဘောကျ နေတုန်း။
အင်တာနက် တွေ ဘာတွေ ခေတ်စား လာပြီး ဒီ သီချင်း ရာဇဝင် တွေ ဘာတွေ ရှာကြည့်မိတော့မှ eric ကြီးတို့ပိုင်တာ မဟုတ်ဘူး ဆိုတာလည်း သိရပြန်ရော။ 1909 လောက်မှာ ကတည်း က Record လုပ် ခဲ့တာ လို့ သိရပြီး B.B king တို့လို ဆရာ့ ဆရာကြီးတွေလည်း ဆိုထားဖူး တယ်လို့ ဖတ်ဖူးတယ်။ 
မြန်မာ ဗားရှင်း ဖြစ်တဲ့ ဖြေးဖြေးလေး နဲ့ ငြိမ့်ငြိမ့်လေး ကို ထူးအိမ်သင် နဲ့ ဘိုဘို တို့ ဆိုထား တာလည်း နားထောင်ဖူးတယ်။ ဒါပေမယ့် ဦးသန်းနိုင် တို့ ဆိုထား တာကို ပိုက်ကြိုက်တယ်။


အခုတော့ ကြာသပတေး နံ နဲ့ စတဲ့ အဆိုတော် ဆိုထားကို FM တစ်ခု ရဲ့ Facebook page မှာ ကြည့်လိုက်ရ တယ်။ 
ဒါပေမယ့် နားထဲ စွဲပြီးသား ဖြစ်တဲ့ အရင် ဖြေးဖြေးလေး နဲ့ ငြိမ့်ငြိမ့်လေး ကို ပဲ ကြိုက်မိနေတယ်။ 
စကားမစပ် ဒီ သီချင်း ကို ပလေးဘွိုင်း အဖွဲ့ ဆိုတာ ကို ကြိုက် တဲ့ လူတွေ ရဲ့ အသက် ဟာ မငယ်တော့ဘူး။ 
Swing low, sweet chariot,
Coming for to carry me home.
Swing low, sweet chariot,
Coming for to carry me home.
I looked over Jordan, what do I see,
Coming for to carry me home.
A band of angels coming after me,
Coming for to carry me home.

No comments: