Showing posts with label Nat Pwe. Show all posts
Showing posts with label Nat Pwe. Show all posts

May 23, 2011

My video of the week

 
မနေ့က ဟိုကြည့် ဒီကြည့်နဲ့ Vimeo ဆိုက်ဒ်ထဲမှာ ၀င်မွှေနှောက်နေမိသည်။ Nat Pwe ဆိုသော အထက်ပါ ဗီဒီယို ကလစ်ကို ကြည့်မိတော့ စိတ်ဆိုး ဒေါသ ထွက်ရသည်။ စိတ်ဆင်းရဲမိသည်။ တို့လူမျိုးတွေ ဒီလောက်တောင်မှ အစွဲအလန်း ကြီးလှချည်လားဟု အံ့သြ မိသည်။ ဗုဒ္ဒဘာသာပင် ကိုးကွယ်ငြားသော်လည်း ချင့်ချိန်ယုံကြည်မှု အားလဲ အားနည်း နေသည်ဟုမြင် မိသည်။ facebook ထဲက သူငယ်ချင်း တစ်ယောက် ကတော့ သို့ကလို မှတ်ချက်ပေးသွားသည်။ “တောင်ပြုန်းကိုတပ်နဲ့ဝိုင်း၊ နတ်တွေကိုအစိုးရအမိန့်နဲ့ အရာရုပ်သိမ်း၊ လူတွေအကုန်သင်းတန်းပေး၊ စနစ်တကျရွာပြောင်း၊ နတ်ကတော်တွေအကုန်ဖမ်း၊ ခံဝန်ထိုး၊ ပညာပေး၊ အလုပ်လဲပေး၊ နတ်ရုပ်တွေပြတိုက်ပို့၊ တာင်ပြုန်းနဲ့လုပ်စားနေတဲ့စီးပွားရေးလုပ်ငန်းတွေအကုန်ဒဏ်တပ်၊ အရေးယူ...။” တဲ့ ကျနော် စဉ်းစားနေသည်နှင့် မကိုက်ညီသော်လည်း သူ့စိတ်ကူး စိတ်သန်းကိုယ်တော့ နည်းနည်းတော့ သဘောကျ သလိုတော့ ရှိမိသည်။ ပညာပေးချင်းဖြင့်သာလျှင် အမြစ်ပြတ်နိုင်မည် ဟု ယုံကြည်မိသည်။ အနော်ရထာ မင်းကြီး သည်ပင်လျှင် နတ် ကိုးကွယ်မှု အား အကြမ်းနည်းဖြင့် နှိမ်နှင်းဖို့ ကြိုးစားခဲ့ဖူးသည်။ မအောင်မြင် သဖြင့်သာ ဒီနေ့ ဒီအချိန်အထိ ဆက်လက် အားကောင်းမြဲ အားကောင်းဆဲ ဖြစ်နေခဲ့သည် မဟုတ်ပါလား။