May 10, 2007

ရောက်တတ်ရာရာလေးများ(၃၁)

ဒီနေ့မှဘဲ ဘလော့ပို့စ်အသစ်တင်နိုင်တော့တယ်။ အလုပ်မအားတာဘဲ အကြောင်းပြလို့မဖြစ်တော့ဘူး ထင်တယ်နော်၊ ဟုတ်တယ်လေ ပျောက်နေတာ တော်တော်ကြာတာကိုးဗျ..နေမကောင်းဖြစ်နေလို့ပါ။ တခြား ကိစ္စတွေလဲရှိနေသေးတာကိုး၊ အလုပ်ခွင့်ယူထားတဲ့ နှစ်ရက်မှာ ဆေးခန်းသွားလိုက်၊ KLကိုသွား ရုပ်ရှင်ကြည့် လိုက်နဲ့ နည်းနည်းငြိမ့်နေလိုက်တယ်။ Spider man 3 က ထင်သလောက်လဲ မကောင်းပါဘူး Effect တွေ လောက်ဘဲ ကောင်းတယ် ဇာတ်လမ်းကတော့ သမာရိုးကျ ဇာတ်လမ်းမျိုးပါဘဲ၊ ရောက်တုန်းရောက်ခိုက် လက်ထဲက အုန်းသီးလေးနဲ့ ဟိုရိုက် ဒီရိုက်လုပ်လာတဲ့ပုံလေးတွေကိုဘဲ ထပ်တင်လိုက်ပါတယ်...



(ဒါက ကျနော် ရုပ်ရှင်သွားကြည့်တဲ့နေရာMid Vally Shopping Mall ပါ)


(ဒါက ကိုရွှေမြန်မာများ သွားနေကျ ကားမှတ်တိုင်ပေါင်းစုံတဲ့ နေရာပါ)

(ဒါကတော့ ဇေယျာမြန်မာစတိုးဆိုင်ရှိတဲ့ အဆောက်အဦးပါ)
(မလေးရှားနဲ့နာမည်ကျော် တရုတ်တန်းပါ အတု အင်မတန် မှပေါပါတယ်၊)
(ကျနော် သွားတဲ့ နေ့က ဆန်းဒေး ဆိုတော့ ဇေယျာ ဆိုင်နားက ပလက်ဖောင်းပေါ်မှာ လျောက်လည်ပြီးလို့ အနားယူနေကြတဲ့ ရွှေမြန်မာများပါ...)

No comments: